သာယာဝတီ ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကျောင်းစုရပ်ကွက်၌ ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင်စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပန်းစိုက်တောင်သူထံမှ သိရသည်။
ကျောင်းစုရပ်ကွက်နေ ဂန္ဓမာပန်းစိုက်ပျိုးသူက ကျွန်မတို့အရင်ကတော့ ဒီလိုဂန္ဓမာပန်းတွေစိုက်တဲ့ ဓလေ့မရှိခဲ့ပါဘူး။ ပြင်ဦးလွင်မြို့က သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်လာခဲ့တာပါ။ ဂန္ဓမာပန်းမှာ တစ်ရိုးတစ်ပွင့်ထားတဲ့ပန်းနဲ့ အခိုင်လိုက်ထားတဲ့ ခိုင်ပန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကြွေဖြူ၊ လပ်ကီး၊ ကျောက်စိမ်း၊ ငုရွှေဝါစတဲ့ဂန္ဓမာပန်း အမျိုးအစားတွေကို အဓိကထားစိုက်ပျိုးပါတယ်။ ပန်းစိုက်တာက ကိုယ့်မိသားစုရော အလုပ်သမားတွေရဲ့ စားဝတ်နေရေးကိုပါ အထောက်အကူဖြစ်လို့ နှစ်စဉ်စိုက်ပျိုးရောင်းချနေပါတယ်” ဟု ပန်းစိုက်တောင်သူ ဒေါ်သိန်းမြက ပြောသည်။ ဂန္ဓမာပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့မှ ဝယ်ယူကာ နွေပန်း၊ မိုးပန်း၊ ဆောင်းပန်းဟူ၍ ရာသီအလိုက် စိုက်ပျိုးကြပြီး စိုက်ပြီးလေးလ၊ ငါးလနှင့်ခြောက်လကြာလျှင် ပန်းအမျိုးအစားအလိုက် ပန်းခူးရောင်းချရပြီး ယခုမြင်တွေရတဲ့အနေအထားကတော့ စတင်စိုက်ပျိုးသည့်အနေအထား မြင်တွေ့ရတာဖြစ်ကြောင်း ပြောပြသည်။ ယခင်က စီနှခွကျေးရွာ၌ ဂန္ဓမာပန်းကို ဆောင်းရာသီတွင် ပွင့်သည့် ဆောင်းပန်းတစ်မျိုးတည်းကိုသာ စိုက်ပျိုးပြီး နောက်ပိုင်းတွင် ဆောင်းပန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလာသည့်အတွက် နွေရာသီနှင့် မိုးရာသီတို့တွင် ပွင့်သည့် နွေပန်းနှင့်မိုးပန်းများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ယခုမိုးစပါးသိမ်းချိန်အားလပ်ရက်၌ အိမ်မှာနေရင်းအချိန်မကုန်ရလေအောင် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)