ရွှေတောင် ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခလရ-၁၄)ကျောင်း၌ အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းသို့ တက်ရောက်နိုင်ရန်အတွက် သင်တန်းသားရရှိရေး ဟောပြောဆွေးနွေးခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေဝင်းက အမှာစကားပြောကြားခဲ့ပြီး ရွှေတောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နုနုဖြိုးက အားကစားနည်းများအလိုက် လေ့ကျင့်ခြင်းမှသည် အောင်မြင်မှုရရှိနိုင်ရန်၊ ရွက်ပုန်းသီးမျိုးဆက်သစ် လူငယ်လူရွယ်များထွက်ပေါ်လာစေရန် အားကစားမှပေးစွမ်းသည့် အကျိုးကျေးဇူးများကိုရရှိစေရန်နှင့် အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းသို့ တက်ရောက်ရွေးချယ်ခံနိုင်ရေးအခွင့်အလမ်းများကို အသေးစိတ်ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားမှူးဒေါ်ခင်နုနုဖြိုးမှ ကျောင်းအတွက်အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေဝင်းက လက်ခံရယူခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၇၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်