ငပုတော ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ယနေ့နံနက်ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှလာရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နေ့ကြည့်ရှု့စစ်ဆေးရာတိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်းရင်းသား ရေးရာဝန်ကြီးက (၇၆)နှစ်မြောက် ချင်းအမျိုးသား နေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအခမ်းအနား ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရောင်စုံမီးများတပ်ဆင်ထားရှိမှု၊ ဧည့်ခံကျွေးမွေးရန်နေရာများ၊ ဖျော်ဖြေရေး အကအဖွဲ့များနားနေရန်နေရာများအားလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်တာများကိုတာဝန်ရှိသူများထံမှာကြားခဲ့ကြောင်းသိရသည်။
အောင်သူ(ပြန်/ဆက်)