ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာရေးဆရာ(ကြို့ပင်ကောက်) မောင်ငြိမ်းသူ၏ "ပန်းလည်းလှစေ ပျားလည်းဝစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နာယကဆရာကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာပေမှဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦးအတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းမှ စာရေးသူများတိုးပွားလာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နာယက ဆရာကြီးဦးအုန်းမောင်၊ မောင်အေးငြိမ်း-သရက်က စာရေးဆရာ(ကြို့ပင်ကောက်) မောင်ငြိမ်းသူ၏ " ပန်းလည်းလှစေ ပျားလည်းဝစေ" စာအုပ်ပါ "စာဖတ်ခြင်းနှင့် ကြီးမြတ်သာလူမျိုး" အကြောင်းအရာများဖြင့်စတင်ဆွေးနွေးခဲ့ပြီး ဆရာကြီးဦးချစ်မြင့် ရွှေနေဝဏ်က "အမှားကြာလျှင်အမှန်ထင်ပြန်ပြင်မရလူ့လောက" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမကြီး ဒေါ်မြတ်နွယ်(April Moon)က "စာဖတ်ရှိန်မြှင့်တင်ရေးကိုဟန့်တားနေကြတဲ့ ဖုန်းများရဲ့အန္တရာယ်"ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အဆိုပါစာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုကိုမင်း (ပြန်/ဆက်)