တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် နွေစပါးမျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲ မြန်အောင်မြို့နယ် လဟာပေါက် ကျေးရွာတွင်ပြုလုပ်

မြန်အောင် ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု လဟာပေါက်ကျေးရွာ ကွင်းအမှတ် ၂၃၉ ခ ၊ ဦးပိုင်အမှတ် ၁၇၈/၅ ဦးသန်းဇော်မိုး၏ လယ်မြေ၌ ယနေ့ နံနက်က တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် နွေစပါးမျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပခဲ့သည်။

တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် နွေစပါးမျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြန်အောင်ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံလယ်သမားများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ  တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder)ဖြင့် စိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ  တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် ရက် (၉၀) စပါးမျိုးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြသည် ။

ဝင်းဗိုလ် (ပြန်/ဆက်)