ကသာ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၈) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၁)ပိဿာကို ငွေကျပ် ၆၈၀၀ နှုန်းဖြင့် ဒေသခံပြည်သူများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။ စားအုန်းဆီ ရောင်းချပေးနေမှုကို ခရိုင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန်ဖိုးသင့်စားအုန်းဆီ ရောင်းချပေးခြင်းကို ကသာခရိုင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့နှင့် မြို့နယ်ကုန်သည်ကြီးများအသင်းက ယနေ့တွင် လူဦးရေ (၇၇၀)ဦး အား ရောင်းချပေးခဲ့ကြောင်းနှင့် စားအုန်းဆီများ အပတ်စဉ် ရောင်းချပေးလျက်ရှိရာ ကသာမြို့နယ်အတွင်းရှိ ဝန်ထမ်းများအား (၁၅)ကြိမ်၊ ဒေသခံပြည်သူများအား (၁၉)ကြိမ်၊ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (၁)ကြိမ်၊ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ (၃)ကြိမ် စုစုပေါင်း (၃၈) ကြိမ် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ကျော်စွာထွန်း(ပြန်/ဆက်)