ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ရှမ်းရွာသစ် နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်လုံခြုံရေးစစ်ဆေးခြင်းကို ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးဦးရီဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က ကြိုတင်မဲပုံးများထားသော ရှမ်းရွာသစ်နယ်မြေရဲစခန်းနှင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများအား မီးသုံးစွဲမှုအခြေအနေစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရန် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေနှင့် မီးလောင်မှုကြီးများ အပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)