နတ်မောက် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနက မြို့ပေါ်ရှိအခြေခံစာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး လိုက်လံ စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသည့် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေကန်နှင့် လှေတံခါးစသည့် ပစ္စည်းများအား ဆောင်ရွက်မှုအခြေအနေများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ရာ လိုအပ်သည်များကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများတို့က ပေါင်းစပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း