ဟင်္သာတ တက္ကသိုလ်တွင် (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား (ဒုတိယ) နေ့ ဆက်လက်ကျင်းပ

ဟင်္သာတ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်း သဘင်ခန်းမတွင် (၁၉)ကြိမ်မြောက် (နေ့သင်တန်း) ဘွဲ့နှင်းသဘင် ပေးအပ်ပွဲအခမ်းအနား (ဒုတိယ) နေ့ကို ယမန်နေ့ နံနက် ၉ နာရီတွင် တစ်ကြိမ် မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ဘွဲ့နှင်းသဘင် အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ် (နေ့သင်တန်း)မှ ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ဘွဲ့ရ မောင်/မယ် စုစုပေါင်း (၇၇၇)ဦးရှိသည့်အနက် ဒုတိယနေ့ နံနက်ပိုင်းတွင် ၁၈၇ ဦး၊ နေ့လယ်ပိုင်းတွင် ၁၉၀ ဦး စုစုပေါင်း ၃၇၇ ဦးတို့ကို  သက်ဆိုင်ရာတာဝန်ရှိသူများမှ ဘွဲ့များ အသီးသီးပေးအပ်ခဲ့ပြီး ဟင်္သာတတက္ကသိုလ်၌ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဘာသာရပ်များအလိုက် ဘွဲ့ရမောင်မယ် စုစုပေါင်း (၇၅၅)ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)