စစ်ကိုင်းတိုင်းဒေသကြီး မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှမင်းသာကျေးရွာ၌ ကွန်ကရစ် တံတား နှစ်စင်းဆောက်လုပ်

မြို့သစ် နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်တွင်  မြို့သစ်မြို့၊ မင်းသာစံပြကျေးရွာ၌ ကွန်ကရစ် တံတား (၂)စင်းအား အောက်တိုဘာ လနောက်ဆုံး ပတ်ကဆောက်လုပ်လျက်ရှိရာ မကြာခင် ပြီးစီးတော့ မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါတံတားနှစ်စင်းမှာ (၁၆)ပေအကျယ်ရှိ ကွန်ကရစ်တံတားဖြစ်ပြီး မင်းသာကျေးရွာတွင် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန် တွင် မင်းသာကျေးရွာ အရှေ့ဘုန်းကြီး ကျောင်းသွားလမ်းပေါ်ရှိ ကွန်ကရစ်တံတားမှာ လုပ်ငန်းအားလုံး၏ကိုးဆယ်ရာ ခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း နှင့် ကျန်ကွန်ကရစ်တံတားတစ်စင်းမှာလည်း ၃၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့သစ်မြို့ စည်ပင်သာယာ ရေးအဖွဲ့မှ သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)