ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များသို့ မီးဘေးလုံခြုံမှုရှိ‌စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ်လုံခြုံမှုရှိ‌စေရေအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ်လုံခြုံမှုရှိ‌စေရေအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများအား သတ်မှတ်ချက်နှင့်အညီ ထားရှိမှုရှိ/မရှိစစ်‌ဆေးခြင်း၊ စက်သုံးဆီဆိုင်များမှစတင်၍ မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးထောက်ခံချက်(Fire Safety Certificate) (FSC) ရရှိရေးအတွက် အလေးထားဆောင်ရွက်ရန် ကိစ္စရပ်များအား မြေမြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)