သာပေါင်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ နေကြာအောင်မြင်ဖြစ်ထွန်းနေမှု၊ ဆင်းသုခ နွေစပါး မြေဩဇာ ကြဲပက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတို့က သဲဖြူ ကျေးရွာအုပ်စု၊ သန်လျှက်စွန်းကျေးရွာ၌ နေကြာစံပြ (၁၀) ဧက စိုက်ကွင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အပင်ရှင်သန်ဖွံ့ဖြိုးရေးအတွက် မြေသြဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ရေသွင်းခြင်းများ ဂရုစိုက်ဆောင်ရွက်ရန်၊ အပွင့်၊ အပင် ဖျက်ဆီးမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို မှာကြားကာ အောင်တပ်ကျေးရွာအုပ်စု၊ တောင်သူဦးမြင့်ဆန်း၊ ကွင်းအမှတ် (၆၈၃)၊ ဦးပိုင်အမှတ် (၃၈/၁)၊ ဆင်းသုခ နွေစပါး (၆)ဧက မြေသြဇာကြဲပက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)