မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ စိန်ပန်းပတ် လမ်းတွင် ယမန်နေ့ နံနက် (၅) နာရီခန့်က အိမ်ပိုင်ရှင် ဦးဝင်းအောင် (ဘ) ဦအုန်းရွှေပိုင်ဆိုင်သည့် အလျား (၄၀) ပေ ၊ အနံ (၁၅)ပေ မိသားစု (၄) စုငှားရမ်းနေ ထိုင်သော (၄)ခန်းတွဲ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နေအိမ်တွင် ဒုတိယမြောက်အခန်း၌ ငှားရမ်းနေထိုင်သူ ဦးသန်းထွဋ်ဝင်း (ဘ) ဦးစိန်ဝင်း ဈေးရောင်းသူ၏ နေအိမ်ခန်းအတွင်းခြင်ဆေးခွေထွန်းရာ မှစတင်လောင်ကျွမ်းခဲ့ပြီး ခေါင်းရင်းဘက်နှင့် ခြေရင်းဘက်အခန်းများကို မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်ရာသို့ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ဦးဆောင်သည့် မီးသတ် သန္ဓေ (၂၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၀) ဦးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီ မိနစ် (၂၀) တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးပေါ့ဆမှုကြောင့် ဦးသန်းထွဋ်ဝင်း (ဘ) ဦးစိန်းဝင်း အား မြို့နယ်ရဲစခန်းမှ (ပ) ၃၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း၊ မီးလောင်မှုကြောင့်လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိပါကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)