ချောက် ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး ဝေဖြိုးဇော်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရမည့်ကာလနှင့် ကင်းလွတ်ခွင့်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးကစစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များအားလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးချမ်းကပြည်သူ့ စစ်မှုထမ်းဥပဒေတွင် ပါဝင်သည့်ဥပဒေများအားလည်းကောင်း၊ ခရိုင်လဝကဦးစီးမှူးဦးစန်းဝင်းက ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မှသီးခြားထုတ်ပြန် ထားခြင်းမရှိကြောင်းနှင့် ပြည်ပထွက်ခွာခွင့်များအား စနစ်တကျစစ်ဆေးခွင့်ပြုပေးလျက်ရှိကြောင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က စစ်မှုထမ်းအဓိပ္ပါယ်နှင့် ပြည်သူ့စစ်မှုထမ်းခြင်း ဥပဒေနှင့်ပတ်သက်သည့် အချက်အလက်များအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အားလုံးနားလည်သဘော ပေါက်ပြီး စိုးရိမ်ရန်မလိုကြောင်း အသီးသီးရှင်း လင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး ကြီးဝေဖြိုးဇော်နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)