ကွန်ပျူတာတက္ကသိုလ်(မအူပင်)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မအူပင် ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏  ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန္တာသိန်းက ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc)နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech)တို့အား ဘွဲ့လက်မှတ်များ အပ်နှင်းပေးအပ်ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားသည်၊၊

ကွန်ပျူတာတက္ကသိုလ်(မအူပင်)၏ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ် (၄၀)ဦး၊ အဝေးရောက်ဘွဲ့ရမောင်မယ်(၁၉)ဦး၊ စုစုပေါင်းဘွဲ့ရမောင်မယ် (၅၉)ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)