ဝေါမြို့နယ်၌ နွေးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်ကြဲပက်ပွဲကျင်းပ

ဝေါ ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပပြုလုပ်သည့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ ပေါင်းစပ်ကြဲပက်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ဧကရာဇ်ကျေးရွာရှိ ကွင်းအမှတ် (၆၈၈)က၊ ဦးပိုင်အမှတ်(၁၁/၂) တောင်သူဦးထွန်းထွန်း၏ လယ်မြေ(၁၅)ဧက၌ ကျင်းပကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းကိုကိုနှင့် ကော်မတီဝင်များ၊ ကျေးရွာများမှ နွေစပါးစိုက်တောင်သူများ တက်ရောက်ကြပြီး၊ တောင်သူဦးထွန်းထွန်း၏ လယ်မြေ(၁၅)ဧကအတွင်း စုပေါင်းကာ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာပေါင်းစပ်ကြဲပက်ကြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးအောင်မိုးလွင်က တက်ရောက်လာသူများအား နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာတို့ ပေါင်းစပ်သုံးစွဲရေး နည်းပညာဆွေးနွေးရှင်းလင်းပြောကြားပေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)