အောင်လံ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က(၁) ရွှေရတုခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ စီးပွားရှင်များနှင့် ပြည်သူများက တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပထမဦးစွာ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ (CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီထွန်းက အဂတိလိုက်စားမှုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အဂတိလိုက်စားမှုဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ (CPU)အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးသိန်းဇော်က အဂတိလိုက်စားမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ဆက်စပ်ပတ်သက်ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားကြောင်း၊ (CPU)အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးဆန်းဝင်းက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ပုဒ်မများအား ရှင်းလင်းဆွေးနွေးပြောကြားကြောင်း၊ (CPU) အဖွဲ့ဝင် ခရိုင်စာရင်းစစ်ရုံးမှ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြဝေက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြောင်း၊ (CPU)အဖွဲ့ဝင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးသိန်းဦးက အခွန်ရှောင်ရှားခြင်း/တိမ်းရှောင်ခြင်းတို့သည် အဂတိလိုက်စားမှုဖြစ်ကြောင်း ဆွေးနွေးပြောကြားကြောင်း၊ (CPU)အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စုံစမ်းရေးမှူး ဦးဖိုးဇော်က အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)