ခန္တီးမြို့နယ်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ အတွေးအခေါ်မြင့်မားပြီး မိမိ၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း တိုးတက်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်မှ အခန်း(၈)၊ ဥပဒေပုဒ်မ(၇၀)မှ (၈၃)ထိ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသည့် ဝန်ထမ်းများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)