ဆိပ်ဖြူမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ဆိပ်ဖြူ  ဖေဖော်ဝါရီ  ၁၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက အဖွင့်အမှာစကားများ ပြောကြားပေးပြီး  ၁၉၅၉ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေအမည်ဖြင့် ပြဋ္ဌာန်းခဲပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် စတင်အာဏာ တည်ရှိခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ၏ ၁၀.၂.၂၀၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄  အပုဒ် (၁) ပုဒ်မခွဲ(ခ)အရ စတင်၍ အာဏာတည်ကြောင်းကြော်ငြာခဲ့ပြီး ထိုကြော်ငြာ ထုတ်ပြန်ချက်ကို အများပြည်သူများသိရှိစေရန်နှင့် လူမှုကွန်ယက် ဆိုရှယ်မီဒီယာများနှင့် တရာမဝင် သတင်းဌာနများက နိုင်ငံတော်အစိုးရမှထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကို အမျိုးမျိုး ရေးသားထုတ်လွှင့်နေမှုတို့ကို အယုံလွယ်လမ်းမှားမရောက်ရှိရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက သိရှိရှင်းလင်းကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည်များကို အသီးသီးရှင်းလင်းပြောကြားပေးပြီး တက်ရောက်လာသည့်၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)