​ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး ဇာတ်တိုက်​လေ့ကျင့်​ဆောင်ရွက်

ရွှေဘို ဖေ​ဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်တွင် မီး​လောင်မှုများ၊ သဘာဝ​ဘေးအန္တရာယ်နှင့်အခြား​သော​ဘေးအန္တရာယ်များကျ​ရောက်လာပါက ရှာ​​ဖွေကယ်ဆယ်​ရေးလုပ်ငန်းများကို​ဆောင်ရွက်နိုင်ရန် ယ​နေ့နံနက်ပိုင်းက ငလျင်​ဘေးအန္တရာယ်ကာကွယ်​ရေးဇာတ်တိုက်​လေ့ကျင့်ခြင်းကို အဆိုပါရုံး တွင် ပြုလုပ်ခဲ့​ကြောင်းသိရသည်။

ခရိုင်မီးသတ်ဦးစီးမှူး လက်​ထောက်ညွှန်ကြား​ရေးမှူး ဦး​အေးမြင့်ဦး​ဆောင်​သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးတို့သည် ပိုလန်နိုင်ငံထုတ် Heavy Rescue&Lifting(8x4)(44TON) ရှာ​ဖွေကယ်ဆယ်​ရေးယာဥ်ဖြင့်​လေ့ကျင့်ခြင်း၊ Rescue Tool အသက်ကယ်ပစ္စည်းကိရိယာဖြင့်​လေ့ကျင့်ခြင်း၊ Speed Boat အသက်ကယ်​လှေဖြင့်​လေ့ကျင့်ခြင်း၊ မီးခိုးအ​မှောင်ထုအတွင်း (Search&Rescue) ရှာ​ဖွေကယ်ဆယ်ခြင်းနှင့် ကယ်ဆယ်​ခြင်းကိုအသက်ရှုကိရိယာ (B.ASet) ဝတ်ဆင်၍​လေ့ကျင့်ခြင်း၊ ဆီမီး​လောင်မှုအား (HNE) ​ကြောလွယ်မီးငြှိမ်းသတ်မှု ကိရိယာအားအသုံးပြု၍ မီးငြှိမ်းသတ်မှု​လေ့ကျင့်ခြင်းများကို ​ဆောင်ရွက်ခဲ့​သည်။

ဆက်လက်ပြီး မီးသတ်တပ်ဖွဲ့၀င်များက အရေးကြုံသက်လုံကောင်းရန်အတွက် ​လေ့ကျင့်​ရေး​မျှော်စင်အထက်​အောက် အတက်အဆင်းပြုလုပ်ခြင်း၊ ​မြေပြင်မှ​မျှော်စဥ်​ပေါ်သို့ ကြိုးသွယ်တန်း ကူးပြခြင်းတို့ကို ဆက်လက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်