လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် ရွှေတောင် ဓာတ်အားပေးစက်ရုံအားလှည့်လည်စစ်ဆေး

ရွှေတောင် ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်ယမန်နေ့ နေ့လယ်ပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များလိုက်ပါ၍ ရွှေတောင် ဓာတ်အားပေးစက်ရုံအားကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေတောင်ဓါတ်အားပေးစက်ရုံ ဧည့်ခန်းမတွင် စက်ရုံမှူးမှ ဓါတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များနှင့် စက်တပ်ဆင်လည်ပတ်နေမှုအခြေအနေများ၊ 230KV MCM ၇၀ မဂ္ဂေါဝပ် ဓါတ်အားပေးစက်ရုံစက်တပ်ဆင်လည်ပတ်နေမှုအခြေအနေများအား Power Point ဖြင့် တင်ပြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအပေါ်  တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး သဘာဝဓါတ်ငွေ့ဓါတ်အားပေးစက်ရုံရှိ စက်များလည်ပတ်နေမှု အခြေအနေများနှင့်စက်ရုံဝန်းအတွင်း ဓါတ်အားပေးလိုင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ MCM ၇၀မဂ္ဂေါဝပ် ဓါတ်အားပေးစက်ရုံသို့ သွားရောက်၍ စက်များလည်ပတ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းလိုအပ် ချက်များ အပေါ်လမ်းညွှန်မှာကြားခဲ့ပြီးစက်ရုံဝန်းအတွင်း ဓါတ်အားပေးလိုင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)