ကျွန်းစုမြို့တွင် မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ/မရှိ စိစစ်၍ ပြုလုပ်ဆောင်ရွက်ပေး

ကျွန်းစု ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယမန်နေ့ ညနေပိုင်းက မော်တော်ဆိုင်ကယ်များအား ဘီးခွန်ဆောင်ထားခြင်း ရှိ/မရှိ စိစစ်၍ ဗိုလ်ချုပ်လမ်းမ​ကြီးနှင့် အောင်သပြေလမ်းဆုံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးအရှေ့၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး ကြီးကြပ်မှုဖြင့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား ဘီးခွန်ဆောင်ထားခြင်း ရှိ/မရှိ စိစစ်၍ တစ်စီးလျှင် (၃၀၀၀)ကျပ်ဖြင့် မော်တော်ယာဉ်(၂၃)စီးအား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)