မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအုန်းပင်စုကျေးရွာ၌ seeder ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုအားပေး

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအုန်းပင်စုကျေးရွာ၌ seeder ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌမှ ယမန်နေ့နံနက်ပိုင်းက မရဲအုန်းအင်စုကျေးရွာရှိ တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေ၌ ကြည့်ရှုအားပေးခဲ့သည်။

ထိုနောက် မရဲအုန်းပင်စုကျေးရွာ၊ တောင်သူ ဦးတင်အောင်သန်း၏ စက်မှုလက်မှု လယ်ယာ စနစ်ကျစံပြလယ်မြေ ဧက(၁၀၀)ဖော်ထုတ်ထားရှိမှု အခြေအနေနှင့် နယူးဧရာ(၁) မျိုးစပ်စပါးကောက် စိုက်စက်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ seeder ၊ လက်စွဲကောက်စိုက်စက်၊ ကောက်စိုက်သမတို့ဖြင့် စိုက်ပျိုးရန် စီစဥ်ဆောင်ရွက်နေမှုကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)