သရက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးလှုံ့ဆော်ခြင်းဆောင်ရွက်

သရက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမီးဘေးလှုံ့ဆော်ခြင်းဆောင်ရွက်ခြင်းကို အမှတ်(၇)အနောက်ရပ်မြောက်ပိုင်း ရပ်ကွက် ယမန်နေ့ညနေ(၄)နာရီက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးစိုးသူရနိုင်နှင့်တပ်ဖွဲ့ဝင်များက ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်လန်လှုံ့ဆော်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)