ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

ဆိပ်ဖြူ  ဖေဖော်ဝါရီ  ၁၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို နိုင်ငံပိုင်အဆောက်အဦးများနှင့် ဒေသခံပြည်သူများဒေသခံ ပြည်သူများ၏ အသက်စည်းစိမ်ဥစ္စာများကို မီးလောင်ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်ဆောင်ရွက်နိုင်ရန်နှင့် အရေပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည်လုပ်ငန်းရပ်များ သိရှိလိုက်နာ ဆောင်ရွက်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏သင့်(၄)သင့်နှင့်အညီ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များ စွမ်းရည်ပြည့်ဝစွာလေ့ကျင့်ဆောင်ရွက်ရေးတို့အတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအေးမင်းမောင်ကြီးကြပ်၍ မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယဦးစီးမှူး ဦးအောင်ဘိုဝင်းနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးယာဉ်များ၊ ရေသယ်ယာဉ်များ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ရေးလုပ်ငန်များ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအေးမင်းမောင်နှင့်တပ်ဖွဲ့ဝင်များက ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများအား မီးလောင်ရခြင်းအကြောင်းသိကောင်းစရာများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးသတ်ဆေးဘူးများနှင့်အရေးပေါ် လက်တွေမီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြသပေးပြီး ဈေးသူ/ဈေးသားများက လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းသိရပြီး ၎င်းဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်။     

ကိုဇွဲ(အညာမြေ)