သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကြက်သွန်ကွင်း-သဲဖြူ-မကျီးဇင်လမ်းပိုင်း ကွန်ကရစ်လမ်းခင်းကျင်းနေမှု လုပ်ငန်းခွင်အခြေအနေအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကြက်သွန်ကွင်း-သဲဖြူ-မကျီးဇင်လမ်းပိုင်း ကွန်ကရစ်လမ်းခင်းကျင်းနေမှု လုပ်ငန်းခွင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိုနယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ ပုသိမ်ခရိုင် တာဝန်ခံအင်ဂျင်နီယာ ဦးအေးချိုနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်နန္ဒာလှိုင်ဝင်းတို့က သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း-သဲဖြူ-မကျီးဇင်လမ်းပိုင်း မိုင်တိုင်(၇)မိုင်မှ (၈)မိုင်အထိ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (၇၅၀)ကျပ်သန်း၊ (၈)မိုင်မှ(၈/၃.၃၃)အထိ ပြည်ထောင်စုရန်ပုံငွေ(၃၀၀)ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့တင်ဒါရရှိသည့် မန်းချယ်ရီကုမ္ပဏီမှ Ready Mixed Concrete ပစ္စည်းတင်ဒါ အောင်မြင်ပြီး တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်းကျင်းနေမှုလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အမီပြီးစီးရေး၊ အရည်အသွေးစံချိန်မီရေး၊ ကွန်ကရစ်မကွဲအက်ရေး ရေဖျန်းဆောင်ရွက်ရန်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း၊ သာပေါင်း (ပြန်/ဆက်)