ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ "ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့" စာဖတ်ဝိုင်းပြုလုပ်

ပြည် ဒီဇင်ဘာ ၁၇

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် "ဆုံဆည်းရာစာဖတ်ဝိုင်း"ကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစားပြောကြားသည်။ ဆက်လက်ပြီး စာရေးဆရာ(ပြည်)လေးဘုန်း၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် ဦးသိန်းဝင်း၊ စာရေးဆရာ မောင်စိမ်းလန်း(ပြည်)၊ စာရေးဆရာ မောင်နေခြည်၊ စာရေးဆရာနှောင်းသစ်၊ စာရေးဆရာ မောင်ထက်ရှား(ပြည်)နှင့် စာရေးဆရာ မောင်ထွဋ်ကောင်းတို့က "လူငယ်နှင့်ယဥ်ကျေးမှု "ခေါင်းစဥ်အားရှုဒေါင့်အသီးသီးမှ ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များကလည်း အမြင်ချင်းဖလှယ်၍ ဆွေးနွေးသုံးသပ်မှုများ ဆောင်ရွက်ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊ ပြည်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း(၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)