မအူပင် ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၄)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာရေးဆရာခင်မောင်ညို(ဘောဂဗေဒ) ရေးသားထားသည့် ဘဝတစ်လျောက် အောင်မြင်ပျော်ရွှင်နည်း စာအုပ်ပါအချက်များအား ဝန်ထမ်းများမှ ဖတ်ရှု၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းစာဖတ်ဝိုင်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း(Woman Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းများအား စဉ်ဆက်မပျက် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)