မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မအူပင် ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ (၂)နာရီက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာရေးဆရာတက်တိုးရေးသားသည့် ကျွန်တော့်အတွေးအခေါ် မှတ်စုများစာအုပ်မှ စိတ်နှင့်ရုပ်သဘော ဆောင်းပါးအားလည်းကောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနာယက ဆရာဦးပိုက်မှ ဒေါက်တာထက်ခေါင်(ဓမ္မာစရိယ)ရေးသားသည့် သောကမလာရစာအုပ်ပါအကြောင်း အရာများအားလည်းကောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဆရာကြီးဦးစိုးမှ စာရေးဆရာ ဆရာကျော်ဝင်းရေးသားထားသည့် ၂၁ ရာစု သားရွှေဥစာအုပ်ပါ အကြောင်းအရာများအားလည်းကောင်း၊ စာအုပ်စာ‌ပေ ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဆရာဦးဘိုထွေးမှ အရှင်ဇနက ရေးသားထားသည့် ကိုယ့်ကိုယ်ကိုယ်အား‌ပေးကူညီခြင်း စာအုပ်ပါအကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း (Woman Club)အဖွဲ့ဝင်များ၊ လူငယ်အသင်း(Youth Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများတက်ရောက်‌ဆွေးနွေးခဲ့ကြပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)