နတ်မောက်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်းသီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) သွင်းအားစု ထောက်ပံ့ပေးအပ်

နတ်မောက် ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်းသီးနှံထွက် သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုထောက်ပံ့ပေးရခြင်းသည် တောင်သူများအား တစ်ဧက ဆီထွက်သီးနှံ အထွက်နှုန်းတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (မြေပဲ၊ နှမ်း၊ နေကြာ) တစ်ဧကလျှင် ‌မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်း (၂၅၀)ဧကအား တောင်သူ (၁၄၂)ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း