ခန္တီး ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက်(၈)နာရီအချိန်က ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ နန်စီပွန် အထွက်လမ်း(ပထမပိုင်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ဒေသခံပြည်သူများတက် ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခန္တီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်လွင်သန့်မှ ကွန်ကရစ် လမ်းသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ကာ မြို့မိမြို့ဖ ဦးဝင်းညွှန့်မှ ကွန်ကရစ်လမ်းသစ်အတွက် ကျေးဇူးစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ခန္တီးတပ်နယ် မှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး အမှတ်တရ မှတ်စုပေါင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ချီးမြှင့်ငွေပေးအပ်ခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းအား (၂၀၂၃ - ၂၀၂၄) ဘဏ္ဍာရေးနှင့် တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေ (၁၆၃၀၆၇၅)သန်းဖြင့် ခန္တီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လမ်းအရှည်(၁၇၀၀)ပေ၊ အကျယ်(၁၄)ပေ၊ လမ်းသားထု(၉)လက်မရှိပြီး (၅-၁၂-၂၀၂၃)ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး (၁၀-၁-၂၀၂၄)ရက်နေ့တွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)