နတ်မောက်မြို့ မြို့မစည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံကွင်းဆင်းစစ်ဆေး

နတ်မောက် ဖေဖော်ဝါရီ  ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ယမန်နေ့က လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်ခန်းများတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများ၊  မီးလောင်မှုမဖြစ်ပွားစေရန်နှင့် ဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုး လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်အကြောင်း ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားသည်။ ထို့အပြင် မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားကာ ဆိုင်ခန်းများတွင် ထားရှိသည့် မီးသတ်ဆေးဘူးများ အသုံးပြုရန် ကောင်း/မကောင်း၊ မီးသတ်ယာဉ်များ အသုံးပြုသွားလာနိုင်အောင် အဝင်/ အထွက်လမ်းများ ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ, မြို့နယ်စည်ပင်သာယာရေးအဖွဲ အမှုဆောင် အရာရှိနှင့်ဈေးတာဝန်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လှဝင်း