ကျောင်းကုန်း ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲလေ့လာခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်အေးအေးမိုးက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ (Power Point) ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးမှုအား လေ့လာခဲ့ကြသည်။
ဆက်လက်၍ နေ့လယ်(၁)နာရီအချိန်တွင်လည်း အဆိုပါ မြန်မာအီလက်ထရော နစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ထပ်မံရှင်းလင်း ပြောကြားခဲ့ပြီး၊ လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။ အခမ်းအနားသို့ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒုတိယအကြီးအကဲများ၊ မြို့ နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်များ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ပါတီကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)