လပွတ္တာ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် (၄) မိုင်တွင် အဝေးပြေးယာဥ် ရပ်နားစခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီချိန်က အဆိုပါ ကားဝင်းအတွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုရဲမှူးကြီး ဟန်ဝင်းမောင်နှင့် မြို့မိမြို့ဖများက အဝေးပြေးယာဥ် ရပ်နားစခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ယာဥ်ရပ်နားစခန်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ပြီး အဝေးပြေးယာဉ် ရပ်နားစခန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
လပွတ္တာမြို့မှ အခြားမြို့များသို့ ထွက်ခွာကြမည့် ခရီးသည်တင်ယာဥ်များသည် အဆိုပါ ယာဥ်ရပ်နားစခန်းမှ စတင်ထွက်ခွာရမည်ဖြစ်ပြီး လပွတ္တာမြို့သို့ ဝင်ရောက်လာကြမည့် ယာဥ်များသည်လည်း ယာဥ်ရပ်နားစခန်းတွင် ရပ်နား၍ ခရီးသည်များအား ကြိုပို့ယာဥ်များဖြင့် လပွတ္တာမြို့အတွင်းသို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)