သရက်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ မုဆိုးရင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့် တွေ့ဆုံ

သရက် ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ယနေ့မွန်းလွဲ(၁)နာရီက မုဆိုးရင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျာ်သူရက အဖွင့်မှာစကားပြောကြားပေးခဲ့ပြီး မြို့မရဲစခန်းမှူးက တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေးတို့ကို ပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက စာမေးပွဲဖြေရက်ဖြစ်သဖြင့် ကျောင်းသားမိဘများအနေဖြင့် မိမိတို့သားသမီးများအား ကျောင်းပို့ကျောင်းကြို ဆောင်ရွက်ပေးကြရန် ပြောကြားပေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းကျော်ဟိန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် သက်ဆိုင်သည်များကို ပြောကြားပေးခဲ့ပြီး ကျေးရွာနေပြည်သူများမှ တင်ပြလာသည့် ကျေးလက်ဒေဿဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)