မြင်းမူ ဖေဖေါ်ဝါရီလ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
တောင်သူအများစုအနေဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် ရေဆင်း (၁၁) ပဲမျိုးကိုအဓိကထားစိုက်ပျိုးကြကြောင်း၊ (၁) ဧကကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ ထွန်ယက်ခနှင့်ဆေးဝါးအသုံးပြုခအပါအဝင်ငွေကျပ် တစ်သိန်းရှစ်သောင်းကျော် နှစ်သိန်းနီးပါးကုန်ကျကြောင်း တစ်ဧကလျင်ကုလာပဲတင်း (၂၀) ထွက်ရှိပြီး ယခုလက်ရှိ (၁) တင်းလျင် ငွေကျပ် (၉၅၀၀၀) ကျပ် ဖြင့်ရောင်းချရ၍ အရင်းနှုတ်ပြီးတစ်ဧကအတွက် အမြတ်ငွေ (၁၉) သိန်းကျော်ရရှိကြောင်း ပဲစိုက်တောင်သူ ဒေါ်အေးနွယ်ထံကသိရှိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင် ဆောင်းသီးနှံကုလားပဲ (၁၃၂၃၇) ဧကကိုစိုက်ပျိုး ရန်လျားထားခဲ့ပြီးရာနှုန်းပြည့်နီးပါးစိုက်ပျိုးနိုင်ခဲ့ကြောင်း၊မြို့နယ်၏ကုလားပဲထွက်ရှိမှုအနေဖြင့် ယမန်နှစ်က ပျမ်းမျှ (၁) ဧကလျင် (၁၈ ဒဿမ ၇၃) တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူထံက သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)