မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတံခွန်စိုက် ဖလားဆုချီးမြှင့်ပွဲကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတံခွန်စိုက်ဖလားဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ (၅) နာရီအချိန်က မြို့မပြည်သူ့ဘောလုံး အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဗိုလ်လုပွဲအဖြစ် အမှတ်(၁၀) ရပ်ကွက်အသင်းနှင့် အမှတ် (၉) ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမှတ် (၁၀) ရပ်ကွက် အသင်းမှ (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊  အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊  အတွင်းရေးမှူးရဲမှူးမိုးစိန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသောဌာနဆိုင်ရာအကြီးအကဲများက  ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြင့်ကာ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ‌ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)