ပခုက္ကူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေ့စဉ်ဝယ်ယူစားသုံးနေသည့် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ဘေးကင်းလုံခြုံစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် ယမန် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထို့သို့စစ်ဆေးရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှတ် (၁) မြို့မဈေးကြီးအပါအဝင် ယာယီပျံကျဈေးများ၊ မြို့ပေါ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များနှင့် စားသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းထားခြင်းရှိ/မရှိ၊ ကျန်းမာရေးနှင့် ညီညွှတ်မျှတမှုရှိသည့် အသား၊ ငါးများ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ကုန်ညွှန်းအမှတ်များ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအခြေအနေတို့ကို လှည့်လည်စစ်ဆေးကြပြီး စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)