ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် မီးဘေးလုံခြုံစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ကြံခင်း ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့နေပြည်သူများ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ဘက်ရဲမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ နေအိမ်များအား  မီးဘေးလုံခြုံစေရန်  တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဘက်ရဲနယ်မြေ မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် အတူ   ဘက်ရဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်များ၊ ထမင်းဆိုင်၊ လ္ဘက်ရည်ဆိုင်များ၊ ဝပ်ရှော့အလုပ်ရုံ များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရုတ်တရက်မီးလောင်မှုနှင့် ကြုံတွေ့ပါက (DCP)မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့် ဝါယာကြိုးများမှ တစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များကို ပြည်သူများအား အသိပညာ ပေး ရှင်းလင်းပြောကြားခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဖိုအနီးတွင်မီးလောင်လွယ် သောပစ္စည်းများ ထားရှိမှုမရှိစေရေး၊ စနစ်တကျချက်ပြုတ်ရန် သတ်မှတ်နေရာပြင်ဆင် ထားရှိရေး၊ မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရေး၊ (DCP)မီးသတ်ဆေးဘူး၊ ရေလှောင်ကန်များ၊  မီးချိတ်၊ မီးကပ်၊ သဲအိတ်များထားရှိခြင်းနှင့် မီးပေါ့ဆမှုမရှိစေရန်  တစ်အိမ် တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)