လိပ်သို ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်း များ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာ၀အတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများကို ခူးယူပြီး အခြောက်လှန်းကြသည်။ ယခုအချိန်တွင် ကင်ပွန်းသီးများ ဝယ်လိုအားကောင်းသောကြောင့် ဒေသခံပြည်သူများ ရောင်းချပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
ကင်ပွန်းသီးများသည် နွယ်ပင်များဖြစ်၍ တစ်နှစ်လျှင် တစ်ကြိမ်တည်းသာ အသီးသီးကာ သဘာ၀အတိုင်း ပေါက်ရောက်ကြပြီး ယခုအချိန်ကာလတွင် ဝယ်လိုအားကောင်းသောကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏ အိမ်ခြံဝင်းများတွင် ကင်ပွန်းသီးပင်များကို စီးပွားဖြစ်ပြန်လည်စိုက်ပျိုးလျက်ရှိသည်။ ကင်ပွန်းသီးများကို ခေါင်းလျှော်ရည်ပြုလုပ်ရာတွင် အသုံးပြုခြင်း၊ ဆပ်ပြာရည်များ ပြုလုပ်ရာတွင် အသုံးပြုခြင်းတို့တွင် အသုံးပြုကြသည်။
ကင်ပွန်းသီးဝယ်ယူသူများမှာ လိပ်သိုမြို့တွင် အစိုတစ်ပိဿာကို (၈၀ဝိ/-) ကျပ်နှင့် အခြောက်တစ်ပိဿာကို(၁၅၀ဝိ/-)ကျပ်ဖြင့်ဝယ်ယူလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ သို့လည်းကောင်း၊ ခေါင်းလျှော်ရည်နှင့်ဆပ်ပြာထုတ်လုပ်သူများထံသို့လည်းကောင်း ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)