ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန် ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့်ဆွေးနွေးပွဲပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန် ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့်ဆွေးနွေးပွဲကို ပဲခူးမြို့ သီရိဟံသာခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုလုပ်ငန်းများ၊ မွေးကင်းစနှင့် ကလေးငယ်များစောင့်ရှောက်ခြင်းလုပ်ငန်းများ ကာကွယ်ဆေးထိုးလုပ်ငန်းများ အာဟာရစောင့်ရှောက်ရှောက်ခြင်းလုပ်ငန်းများ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ မကူးစက်တက်တဲ့ရောဂါတွေ ကာကွယ်ရေးလုပ်ငန်းများ ရောဂါရှာဖွေခြင်း ကုသခြင်းညွန်းပို့ခြင်း လုပ်ငန်းများ ကျန်းမာရေးအသိပညာပေးမြှင့်တင်ရေး လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ လုပ်ငန်းများပိုမိုထိရောက်အောင်မြင်စေပို့အတွက် အဆိုပါသင်တန်းအား (၁၃-၂-၂၀၂၄) မှ (၁၅-၂-၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လူတိုင်းသက်ရှည်ကျန်းမာရေးအတွက် မွေးစမှသေဆုံးသည်အထိ ဘဝတစ်သက်တာ စဥ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူပြည်သူ့ကျန်းမာရေး အထူးပြုပညာရှင်များပါဝင်၍ ပဲခူးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးအဆင့် ဘာသာရပ်ဆိုင်ရာပဂ္ဂိုလ်များ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းတက်ရောက်သူ (၁၃၀) ဦးအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးနှင့်အဖွဲ့တို့နှင့်အတူ ဒိုက်ဦးမြို့နယ် စစ်ဘိုကြီးကျေးလက်ကျန်းမာရေးဌာန၊ ပဲခူးမြို့နယ်ပျဥ်ပုံကြီးကျေးလက်ကျန်းမာရေးဌာနနှင့် ဝမ်းဘဲအင်းကျေးလက်ကျန်းမာရေးဌာနခွဲများသို့ကွင်းဆင်း၍ ပြည်သူ့ကျန်းမာရေး စောင့်ရောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းပေးခြင်း၊ လမ်းညွှန်မှာကြားခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)