လိပ်သိုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

လိပ်သို ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အတန်းတင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများက ကျောင်းပတ်ဝန်းကျင် လုံခြုံရေး၊ မီးဘေးလုံခြုံရေးတို့ကို တာဝန်များ ခွဲဝေချထား ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)