သံတောင်ကြီး ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက် ရှိရာနနွင်းများစတင် တူးဖော်သည့် ဒီဇင်ဘာလပထမပတ်တွင် နနွင်းများယခင်နှစ်ထက်ဈေးနှုန်းအနည်း ငယ်ကျဆင်းသော်လည်း ယခု ဖေဖော်ဝါရီ လဒုတိယပတ်မှစပြီး နနွင်းခြောက်များဈေးကောင်းပြန်လည် ရရှိကြောင်း သိရသည်။
အဆိုပါနနွင်းများကို မိုးတွင်းအချိန်တွင် စိုက်ပျိုးပြီးဆောင်းတွင်းအချိန်တွင် နနွင်းများကိုတူး၍ရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာနေပူလှန်းခြင်းတို့ကိုဆောင်ရွက်ကာ ရရှိလာသည့်နနွင်းများကို အရောင်တက်လာစေရန် ဇကာများဖြင့်နေလှန်းသည်။ ထို့နောက် နနွင်းခြောက်များကို တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ ရောင်းချပေးလျက်ရှိပြီး ဖေဖော်ဝါရီ လဒုတိယပတ်မှစပြီး နနွင်းခြောက်များ ဈေးကောင်းပြန်လည်ရရှိကာတစ်ပိဿာကျပ်(၅၅၀၀)ရရှိကြောင်း သိရသည်။
နော်နော်မူ