ညောင်တုန်း ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပလပ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေး အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့ပိုင်စျေးများ ၌ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ဈေးကော်မတီမှ တာဝန်ရှိသူများက ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေးအတွက် ပလပ်စတစ်အိတ်အစား ပျက်ဆီးလွယ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့် အစားထိုးသုံးစွဲရေး ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကိုင်စပီကာဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ဈေးများတွင် ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေးအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြို့နယ်(ပြန်ဆက်)