ရှမ်းရွာသစ် ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာကိုကိုလင်း(အမေ့အိမ်)ရေးသားသော "လူကြီးတွေကစပြင်ပါနှင့်လူငယ်ခံစားမှုအတွေး" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Book Club အဖွဲ့ဝင်နှင့် Women Clubအဖွဲ့ဝင်များက မျိုးဆက်သစ်ဆိုသည်မှာ တိုင်းပြည် ၏အနာဂတ်၊ တိုင်းပြည်၏ အိပ်မက်ဖြစ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ်များကို စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ရေး၊ ဉာဏ်ပညာအရည်အသွေးထက်မြက်ရေး၊ အသိပညာဗဟုသုတကြွယ်ဝရေးအတွက် လေ့ ကျင့်ပေးရမည်ဖြစ်ကြောင်း၊ အချိန်ရဲ့တန်ဖိုးကိုသိပြီး အကျိုးရှိရှိအသုံးချတတ်ခြင်းသည် လူ့ဘဝကို အကျိုးရှိ ရှိဖြတ်သန်းခြင်းဖြစ်သောကြောင့် အချိန်ကိုလေးစားပြီး တန်ဖိုးရှိစွာအသုံးပြုရမည်ဖြစ်ကြောင်း ၊ ယခုဆွေး နွေးသည့်စာအုပ်သည် အလွန်အကျိုးကျေးဇူးများပြီး ဖတ်ရှုသင့်သည့် စာအုပ်ကောင်းလေးဖြစ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အကျဉ်းချုပ်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)