ငပုတော ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခန်းဆုံးတက်မြောက်မှု စစ်ဆေးခြင်းမေးပွဲကို အေးချမ်းစွာဖြေဆိုလျက်ရှိရာ (Grade- 4,Grade -5,Grade -6,Greade -7,Grade -8,Grade -11) ကျောင်းသား၊ ကျောင်းသူများက စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိပြီး Grade -12ကျောင်းသား၊ ကျောင်းသူများသည်လည်း (CC)အခန်းဆုံးစားမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အတန်းတင် စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများအားလုံး စိတ်အေးချမ်း သာယာစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ များက ကျောင်းပတ်ဝန်းကျင်လုံခြုံရေး ၊ ဆူညံသံများမဖြစ်ပေါ်စေရေး ၊ မီးဘေးလုံခြုံရေး ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့ကို တာဝန်များ ခွဲဝေချထား ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများမှလည်း ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ( ပြန်/ဆက်)