ဓနုဖြူမြို့နယ်တွင် ကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးငယ်များ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကလေးများနေ့အထိမ်းအမှတ် မူကြို ကလေးငယ်များ၏ ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၉)ရပ်ကွက်ရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းရွှေဇင်နှင့် မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးလှဌေးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူမှု ဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စိုစိုးလတ်က စောစီးစွာစာသင်ရခြင်း၏  အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကလေးများနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသူများနှင့်  ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မူလတန်းကျောင်းတက်ရောက်ရန်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆင်းလက်မှတ်များကို မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)