ညောင်တုန်းမြို့နယ်၌ စာပေဆွေးနွေးပွဲပြုလုပ်

ညောင်တုန်း ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  စာပေဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာပေဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်အဖွင့်အမှာစကားပြောကြားပြီ စာရေး ဆရာ မောင်ရင့်မာ (ကျောင်းကုန်း) က စာပေခရီးလမ်းတစ်လျှောက် ဘဝဖြတ်သန်းမှုအတွေ့ အကြုံများကို ပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Woman Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ဆရာရေးသားခဲ့သည့် "ဂိဇ္ဈကုဋ်တောင်ပေါ်က လရောင်" ဓမ္မရနံ့အက်ဆေးများ စာအုပ်အပါအဝင် သုတ၊ ရသစာပေများကို မေးမြန်းနွေး‌ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/