မုံရွာ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်း ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ယမန်နေ့က မုံရွာမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား စစ်ကိုင်းတိုင်းးဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းအောင် ၊ မုံရွာခရိုင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီဥက္ကဋ္ဌ ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)