မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဖိုး/အဖွားများကို အခမဲ့ဆေးကုသခြင်း ဆောင်ရွက်

မြို့သစ် ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် ကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စမ်းသပ်စစ်ဆေးပေးရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ သံဃာဆောင်ဆောင်၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးခုန်နှုန်းတိုင်းတာခြင်း၊ အဖျားတိုင်းခြင်းများ ဆောင်ရွက်ကာ လိုအပ်သည့် စမ်းသပ်ချက်များအပေါ် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)